အချစ်ဆိုတာ နေရာတိုင်းမှာရှိတယ်။ အချစ်ရဲ့အစွမ်းဟာ နက်နဲလှပြီး၊ လူရဲ့စိတ်ကိုပါ ပြောင်းလဲနိုင်တယ်။ တခြားသူရဲ့ နှလုံးသားကိုရချင်ရင် ချစ်ကြောင်းကို ဖော်ပြပါဆိုတဲ့စကားအတိုင်း ကျနော်တို့လည်ူ ကိုယ်ရချင်တာ၊ လိုချင်တာတွေကို အချစ်စကားလုံးတွေနဲ့ ချူပ်ရအောင်…
အချစ်ကို ဖော်ပြတဲ့ စကားလုံးတိုင်းဟာ ချိုသာလို့ လူတွေ ကြားသင့်တဲ့ အရာလည်း ဖြစ်ပါတယ်။
ဥပမာကို ကြည့်ရအောင်….
사랑 – အချစ်
사랑합니다- ချစ်သည်။
사랑합니다- ချစ်ပါတယ်ခင်ဗျာ (formal။ယှဉ်ကျေးသည်)
사랑해요- ချစ်တယ် (ရိုးသားတယ်)
사랑해 – ချစ်တယ် ( ရင်းနှီးဖော်ရွှေသော)
ကိုရီးယားလို လူရဲ့ နာမည်ကို ချစ်စနီုးလေးနဲ့ ခေါ်ချင်တဲ့အခါ နာမည်က ကိုရီးယားလို ဗျည်းအကှရာ (Consonant) နှင့်ဆုံးရင် 아 ပေါင်းထည့်ရပါတယ်။
찬+아 = 찬아..
세동+ 아 = 세동아….
နာမည်က ကိုရီးယားလို သရ (Vowel) နှင့်ဆုံးရင် 야 ပေါင်းထည့်ရပါတယ်ါ။
광회+ 야=광회야
공주+ 야- 공주야
*아နှင့် 야ရဲ့ ဆိုလိုရင်းက မြန်မာလို ” ရေ၊ရယ်” လို နာမည်ကို ချူိသာစွာ ပြောချင်တဲ့အခါမှာ သုံးရတာဖြစ်ပါတယ်။
___________
နာမည်လည်း ရေးတတ်ပြီးဆိုတော့ အပေါ်က ချစ်တယ်ဆိုတဲ့ စကားနဲ့ နာမည်ကို ပေါင်းရအောင်…
- 찬아, 사랑합니다.
ချမ်းရယ်၊ ချစ်တယ်။ - 선생님, 사랑합니다.
ဆရာမ။ ချစ်တယ် - 엄마, 사랑해요.
အမေ။ ချစ်တယ်နော်။ - 자기야, 사랑해.
အသည်းလေး။ ချစ်တယ်။
* ဒီနေရာမှာ စကားဆက်မသုံးထားလို့ ‘ က၊ ကတော့၊ကို” လိုမျီုးမပါတာ ဖြစ်ပါတယ်. Direct Speech ဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နာမည်နေရာမှာ ကိုယ်ကြိုက်တဲ့ သူရဲ့ နာမည်ကို ထည့်ပေးရုံပါဘဲ 😀 !
ဒီလိုမျိုး ပြောဆိုမူကို အောက်ပါအတိုင်း တုံ့ပြန်ရပါတယ်။
- 저도 사랑합니다.(Formal)
ကျနော် လည်း ချစ်ပါတယ် - 저도 사랑해요. (Polite)
ကျနော် လည်း ချစ်ပါတယ် - 나도 사랑해. (Informal)
ငါလည်း ချစ်ပါတယ်
*ဒီအပေါ်မှာ စကားဆက်도 သုံးထားပါတယ်
________________________
The Chan
6/6/2018