ပထမဦစွာ Voice Phishing နှင့် Smishing အကြာင်းကို ရှင်းပြချင်တယ်။
Voice Phishing ဆိုတာဘာလဲ။ ။ အီလက်ထရွန်နစ်ပစ္စည်း ဖြစ်တဲ့ဖုန်း၊ အင်တာနက်ကို အသုံးပြုပြီ တစ်ခြားသူကို ဖုန်း(အသံဖြင့်) ခေါ်ဆိုပြီ လိမ်လည်သွားတာကို ဆိုလိုပါတယ်။ လူ ညာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ Smishing ဆိုတာကတော့ မတ်ဆေ့ကနေ လိမ်လည်သွားကို ဆိုလိုပါတယ်။
ဥပမာနှင့် ရှင်းပြမယ်နော်…..
သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ အဆိုတော်စည်သူလွင် နာမည်ကိုအသုံးပြုပြီး စည်သူလွင်ရဲ့ မိတ်ဆွေနှစ်ယောက်ကို Viberကနေ မိတ်ဆေ့ပိုပြီး ငွေချေးခဲ့ပါတယ်။ နောက်မှာ သိရတာက ငွေချေးသူက မည်သူမှ မသိတဲ့ တစ်ယောက် ဖြစ်ပါတယ်။ ဒီဟာကို Smishig လို့ ခေါ်တယ်။
ပြီးတော့ ကျန်ပါသေးတယ်။
- ဒီနေရာမှာ မင်းရဲ့ မိတ်ဆွေတစ်ယောက် တစ်ခုခု ဖြစ်နေတယ်။ မင်း ပိုက်ဆံပို့ ရင် ငါတို့ တာဝန်ယူမယ်။
- ရဲစခန်းကပါ မင်းရဲ့အပြစ်ကြောင့် အောက်ကဘဏ်ကို ငွေပို့ ရမယ်။
- ဘဏ်ကနေ မက်ဆေ့ဖြစ်ပါတယ်။ မင်း အောက်ကပုံမှာ ရှိတဲ့ဘဏ်ကို ပိုက်ဆံပို့ ….လို့ဖုန်းကနေတစ်ဆင့်အခေါ် (၀ါ) မတ်ဆေ့ အပို့ခံမှာ ဖြစ်ပါတယ်။
နောက်ဆုံး ဥပမာနှင့် အဆုံးသတ်ပါ့မယ်။
သူယော်ကျား ဖုန်းကနေ
“အချစ်ရယ် ငါ့တို့  အိမ်ဝယ်ဖို့  စုထားတဲ့ဘဏ် စကားဝှက် (Password) ကို ငါ့မေ့နေတာ….
တစ်ချက်လောက် လှမ်းပို့ ပါလား” တဲ့
အဲဒါကို သူမိန်းက မြင်ပြီချက်ချင်း
“****” ပါ။ နောက်ဆို မမေ့နဲ့တော့နော်” ဆိုပြီ လှမ်းပို့ လိုက်တယ်။
ပို့ ပြီ ၁၅မိနစ်လောက် အကြာမှာ ဖုန်းဝင်လာတယ်။ သူမ ကိုင်လိုက်တော့…..
“မိန်းမရယ် ငါပါ။ ကိုယ် ပိုက်ဆံအိတ်နှင့် ဖုန်းပျောက်နေလို့” ဆိုပြီး အကြောင်းကြား လာပါတယ်။ သူ မိန်းမက အတော်လေးကို လန့် ပြီး ဘဏ်ကို စစ်ဆေးလိုက်တော့ ပိုက်ဆံ အကုန်လုံး အခိုးခံလိုက်ကြပါတယ်။ ဘယ်သူက ခိုးယူုသွားလဲ ဆိုတာကိုတောင်မှ သူတို့မသိဘဲနဲ့  သူတို့ ရဲ့ အိမ်ဝယ်ချင်တဲ့ အိပ်မက်က ပျက်ပြေသွားခဲ့တယ်။
ဒီ Voice Phishing နှင့် Smishing အကြောင်းကို ကီုးရီးယားမှတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ပြန့် နေတဲ့ လူညာနည်း ဖြစ်ပါတယ်။ ဒီဟာကို သိနိုင်ဖို့အတွက် အောက်ပါတို့ကို မှတ်ယူကြပါ။
၁။ ရဲစခန်းကနေ ဘယ်သောအခါမှ ပိုက်ဆံပို့ ပါလို့ မတ်ဆေ့နှင့် ဖုန်းမလာပါ။
၂။ ဘဏ်ကနေ ဘယ်သောအခါမှ ပိုက်ဆံပို ပါလို့ မတ်ဆေ့နှင့် ဖုန်းမလာပါ။
၃။ ကိုယ်မသိတဲ့ဖုန်း မကိုင်တာ အကောင်းဆုံးဖြစ်တယ်။
၎။ ပိုက်ဆံချေးချင်ရင် ကိုယ်တိုင်ချေးယူပါ။ မိတ်ဆေ့ကနေ ပိုက်ဆံ မချေးရင် အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ အကောင့်ဆိုတာ အ hack ခံနိုင်တဲ့အရာ ဖြစ်ပါတယ်။
ဆိုလ်းမြို့မှာ နိုင်ငံခြားသားတွေ ဒီလိုအဖြစ်ပျက်တွေကြုံရင် အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
18/4/2018
The Chan