၁၉၆၆ခုနှစ် မတ်လ ၈ရက်မှာ လူလောကကို ရောက်လာတဲ့ ကိုရီးယားနိုင်ငံသား တစ်ယောက်ရှိပါတယ်။သူ့ နာမည်ကတော့  ကင်(မ်)ပုန်းဆူး (Kim Boem-soo) ဖြစ်ပါတယ်။ သူဟာ သာမာန်လူတန်စား မိသားစုကနေ ဆင်းသက်တာဖြစ်ပေမယ့် လွန်ခဲ့သော၂၀၁၀ခုနှစ်မှာ သူရဲ့တီထွင်မူကြောင့် ယခုဆိုရင် သန်းကြွယ်သူဌေး ဖြစ်ပါပြီ။ ဒီလို တစ်ခဏလေး အတွင်းမှာ ဘယ်လိုဖြစ်ပြီ အောင်မြင်မူရသလဲဆိုရင်….
ကင်(မ်)ဟာ ၁၉၉၂မှာ တောင်ကိုရီးယား နိုင်ငံရဲ့  နံပါတ်တစ် တက္ကသိုလ်ဖြစ်တဲ့ ဆိုလ်းတက္ကသိုလ် မှာ ကွန်ပြူတာဆိုင်ရာ အင်ဂျင်နီယား ဘာသာရပ်ဖြင့်  မဟာဘွဲ့ ရယူပြီ၊ ဆမ်းဆောင်းကုမ္ပဏီမှာ ၆နှစ်ကြာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ထွက်ပြီနောက် ဟန်းဂိမ်းကို ကိုယ်တိုင် တီင်္ထွင်ခဲ့တယ်။ ဒီတီထွင်မူဟာ သူရဲ့ဘာဝမှာ ပထမဆုံး တီထွင်မူဖြစ်သလို ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။
သူရဲ့ တီထွင်မူကြောင့် ကိုရီးယား ကွန်ပြူတာလောကမှာ သူ နာမည်ရလာပါတယ်။ ဒီတီထွင်မူရဲ့ နောက်ဆက်တွဲ တီထွင်မူကတော့ နာဗာ တီထွင်မူ ဖြစ်ပါတယ်။ နာဗာဆိုတာ Google လိုမျီုး ကိုရီးယားနိုင်ငံသားတွေ အသုံးပြုတဲ့  Search Engine ဖြစ်ပါတယ်။ အစမှာတော့ Naver ဟာ Google, Yahoo လိုမျိုးမဟုတ်ဘူး။ ဒါပေမယ့် ယခုဆိုရင် Naver ဟာ ကိုရီးယားနိုင်ငံသားတွေ အသုံးများဆုံး Search Engine (or) Browser ဖြစ်လာပါတယ်။ နှစ်စဉ် သူတို့ ရဲ့  စွမ်းဆောင်ရည်ကြောင့် Naver Map, Naver Taxi, Naver TV, လိုမျိုးတောင် Naver မှာ ကြည့်လို့ ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကင်မ် ကတော့ Naver company ကနေ ၂၀၀၆မှာ ဘယ်သူမှ မသိလိုက်တဲ့ ပြသနာကြောင့် ထွက်သွားခဲ့ပါတယ်။ ၂၀၀၇မှာ အမေရိကန်ဘက်ကို ခြေဦးလှည့်ပြီ အမေရိကန်မှာ ၂၀၁၀နှစ်ထိ နေခဲ့ပါတယ်။ အမေရိကန်ကနေ ပြန်လာပြီနောက်မှာ Kakao Talk ဆိုတဲ့ Messenger တစ်မျိုးကို သူတီထွင်လိုက်တယ်။ ဒီတစ်ခါ သူရဲ့  တီထွင်မူတော့ ကိုရီးယား နိုင်ငံသားများအတွက် တောတောလေးကို အသုံးဝင်ခဲ့ပါတယ်။ Kakao Talk ဟာ ကိုရီယားနိုင်ငံသား ၁၀၀%ထဲ မှာ ၉၆%က အသုံးပြုတဲ့ Messenger ဖြစ်ပါတယ်။ ယခုဆိုရင် kakao Talk Inc ဟာ ကိုရီးယားမှာ ၀င်ငွေအများဆုံး အဆင့်ဆီကို သွားနေပြီဖြစ်ပါတယ်။ Forbes Megazine စာတမ်းအရ kakao Talk ရဲ့ ပိုင်ဆိုင်မူဟာ $ 3.2B ရှိပြီလို့  ဆိုထားပါတယ်။ kakao Talkမှာ ငွေလည်း လွဲနိုင်သလို၊ သတင်း၊ တီဗီ၊ လက်ဆောင်တွေကိုပါ ပေးလို့ ရပြီ ဖြစ်ပါတယ်။ လက်ဆောင်ပေးနည်းကတော့  Code Numberနှင့် သွားနေတာ ဖြစ်တယ်။ ကော်ဖီတောင် တိုက်လို့  ရပါတယ်.
ကင်မ် ကတော့ သူရဲ့ အစွမ်းစကြောင့် နှစ်အနည်းငယ်အတွင်းမှာ ကိုရီးယားနိုင်ငံရဲ့ သန်းကြွယ်သူဌေး ထိပ်ဆုံး ၁၀ စာရင်းဝင်ပြီ ဖြစ်ပါတယ်။ သူရဲ့  တီထွင်မူဟာ ကိုရီးယားနိုင်ငံအတွက် အလွန်ကောင်းမွန်တဲ့ တီထွင်မူ ဖြစ်ပါတယ်။