E9 ကနေ E7 ပြောင်းဖို့ဘာတွေ လိုအပ်သလဲ။

E9 ဗီဇာဆိုတာ EPS (Employment Permit System)စနစ်နဲ့ ကိုရီယားမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ ကိုင်ဆောင်တဲ့ ဗီဇာ ဖြစ်ပါတယ်။ ဒီဗီဇာဟာ ၄နှစ် ၁၀လ သက်တမ်းရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်ချင်ရင် အလုပ်ရှင်ဆီကနေ ခွင့်ယူရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်နှင့် အလုပ်သမားကြားမှာ အလုပ်စာချူပ်ရှိပါတယ်။ ဒီစာချူပ်ဟာ နှစ်ဦးစလုံး လိုက်နာရမယ့် စာချူပ်ဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ချိုးဖောက်ရင် ချိုးဖောက်တဲ့သူကို ဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အမြဲတမ်း ကိုရီးယားအစိုးရက ဒိုင်အနေနဲ့ ရှိပေးပါတယ်။ အသက် အားမခံပေးထားတဲ့ ဗီဇာဖြစ်လို့ နားမကျန်းဖြစ်တဲ့အခါမှာ ဆေးရုံးမှာ ပိုက်ဆံအနည်းငယ်သာ ပေးချေးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီ E9 ဗီဇာဟာ ဥပဒေအရ ကိုရီးယားအစိုးရက ကိုရီးယားအလုပ်ရှင်တွေအတွက် နိုင်ငံခြားအလုပ်သမားတွေကို ခေါ်တဲ့အခါမှာ သုံးထားတဲ့ ဗီဇာ အမျီုးအစားဖြစ်ပါတယ်။

E9 ဗီဇာဘယ်လိုစခဲ့တာလဲ

အရင် E9 မပေါ်ခင်မှာ Industrial Trainee (산업연수생)စနစ် ဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစနစ်ဟာ လူသားမဆန်ဘူးလို့ ထင်ကြလို့ ဒီ EPS စနစ် ပေါ်ပေါက်တာ ဖြစ်ပါတယ်။ စုံစုံလင်လင် ပြောရရင် Industrial Trainee ဆိုတာ အလုပ်ရှင်က အလုပ်သမားကို ကျေးကျွန်သဖွယ် အသုံးပြုလို့ ရတဲ့စနစ် ဖြစ်ပါတယ်။ အလုပ်သမားက သူရဲ့လစာရဲ့ ၃၀% နှင့် အချိန်ပိုကိုသာ ထုတ်ယူခွင့်ရှိပါတယ်။ ကျန်တဲ့ ၇၀%က အလုပ်ရှင်က အလုပ်သမားပြန်ခါနီးမှာ(စာချူပ်ပြည့်ခါနီး) ပေါင်းပြီး ပေးရပါတယ်။ ပိတ်ရက်လည်းမရှိခဲ့သလို့ ရှားရှားပါးပါး ပိတ်ရက်မျီုးမှာတောင် အလုပ်ရှင်က အလုပ်သမားကို လိုက်နာရမည့် စည်းကမ်းချက်ကို လေ့လာစေခဲ့တယ်။ ဒီလို လူသားချင်း စာနာမူ မရှိခဲ့လို့ ဆန္ဒတွေ အကြိမ် ဖော်ထုတ်ခဲ့ကြလို့ အစိုးရက ၂၀၀၃ဇွန်လမှာ နိုင်ငံခြားအလုပ်သမားနဲ့ဆိုင်တဲ့ ဥပဒေအသစ်ကို စရေးဆွဲခဲပြီး၊ တစ်နှစ်အကြာ ၂၀၀၄ဇွန်လမှာ EPS လုပ်သား ခေါ်ယူမူစနစ် ပေါ်ပေါက်ခဲ့ပါတယ်။

E9- E7 ပြောင်းဖို့ဘာတွေ လိုအပ်သလဲ။
၁။ E9 ဗီဇာနဲ့ အနည်းဆုံး ၄နှစ် ကိုရီးယားမှာ နေရပါမယ်။ ၄နှစ်မပြည့်ခင် ပြည်တော်ပြန်ရင် နေခဲ့တဲ့ကာလက အကျူံးဝင်တော့မှာ မဟုတ်ဘူး။
၂။ လျှောက်တဲ့သူက အသက် ၄၀အောက်ရှိရပါ့မယ်။ ဒါပေမယ့် ကိုရီယားနိုင်ငံ အဓိကလုပ်ငန်း (뿌리산업) မှာ ဆိုရင် ၄၀ကျော်ရင်လည်း ရပါတယ်။ကီုရီယားရဲ့ အဓိကလုပ်ငန်း ဟုတ်၊မဟုတ်ဆိုတာ သူဌေးမဟုတ်ရင် နူတုန်ဘူးမှာ စုံစမ်းလို့ရမှာပါ😎😎😎

၃။ တစ်ခုခုကျွမ်းကျင်ကြောင့် လက်မှတ်ရှိရပါ့မယ်။ ကိုရီယားအစိုးရက အသိမှတ်ပြုတဲ့ မြန်မာပြည်က အောင်လက်မှတ်မျိုးဆိုရင်လည်း သုံးလို့ရပါတယ်။ ကျွမ်းကျင်ကြောင်းလက်မှတ်ဆိုတာ လုပ်ငန်းနှင့် ပက်သက်ပြီး ကျွမ်းကျင်မူလက်မှတ်ကို ဆိုလိုတာဖြစ်ပါတယ်။

၎။TOPIK အဆင့် Level 3 ရှိရပါမယ်။ ဒါပေမယ့် အဓိကလုပ်ငန်း (뿌리산업)မှာဆိုရင် Level 2ဘဲ လိုအပ်မှာဖြစ်ပါတယ်။
၅။ လစာက တစ်ခြားအလုပ်သမားတွေထက် များရပါမယ်။ ၁၀ယောက်ရဲ့လစာကို ၁၀နဲ့စားပြီး ကျန်တဲ့ ပမာဏာ ဟာ ကိုယ့်ရတဲ့လစာထက်နည်းရပါမယ်။ အနည်းဆုံးတစ်လမှာ သိန်း၂၀အထက် လစာရတဲ့သူ ဖြစ်ရပါမယ်။

E7ဗီဇာဆိုတာ Business ဗီဇာဖြစ်လို့ E9ထက် ပိုကောင်းတဲ့ဗီဇာဖြစ်ပါတယ်။ ဒီဗီဇာရှိရင် ကိုယ်စိတ်ကြိုက် ကိုယ့်ရဲ့အလုပ်ကို ပုံဖော်လို့ရမှာ ဖြစ်ပါတယ်။

Source:  http://www.buhaykorea.com/2016/05/14/change-e9-to-e7-visa/

Author: The Chan

Hello, I am Chan from Myanmar. Now studying in Seoul, S.Korea. Thank you so much for your visited.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.