Topik ဆိုသည်မှာ
အင်္ဂလိပ်လို Test of Proficiency in Korean ဖြစ်ပြီး ကိုးရီးယားလို한국어능력시험 ဖြစ်ပါတယ်။ အဓိပ္ပယ်မှာ ကိုးရီယားစာ စာမေးပွဲ ဖြစ်ပါတယ်။ TOPIKဟာ ၁၉၉၇ကစပြီဖြေဆိုကာ အခုဆိုရင် နှစ်၂၀ နီးပါးသက်တမ်းရှိပြီးဖြစ်ပါတယ်။ ပထမဆုံး၂၂၇၄ယောက်နဲ့စဖြေပေမယ့် အခုဆိုရင် သိန်းနဲ့ချိပြီး ဖြေဆိုကြပါတယ်။ Wikipedia စာရင်းအရ ၂၀၁၂နှစ် နောက်ပိုင်း TOPIK ဖြေဆိုသူဟာ နှစ်စဉ် သိန်းနဲ့ချိတယ်လို့ သိရပါတယ်။ ကိုရီယားမှာတင်မကဘဲ တစ်ခြားနိုင်ငံ ကိုရီးယားသံရုံးမှာလည်း ဖြေဆိုလို့ရပါတယ်။ အခုဆိုရင် လူကန်သန့် ဖြေရတဲ့အတွက် စာရင်းလည်း မြန်းမြန်းပေးရပါတယ်။
ဘယ်သူတွေဖြေကြလဲ?
နိုင်ငံခြားရောက်ကိုးရီယားနိုင်ငံသားတွေနှင့် နိုင်ငံခြားသားတွေ ဖြေဆိုရပါတယ်။ စာမေးပွဲအမှတ်အလိုက်ရှိပြီး တစ်နှစ်မှာ ၆ကြိမ်ဖြေဆိုရပြီ အခုဆိုရင် စာမေးပွဲအမှတ် (အကြီမ်) ၅၆ဖြေပြီဖြစ်ပါတယ်။ ဒီစာမေးပွဲအောင်လက်မှတ်အလိုက် ကိုရီယားမှာ ကျောင်းတက်လို့ရပါတယ်။ Level လိုက်ရှိပြီး အမြင့်ဆုံးက Level 6 ဖြစ်ပါတယ်။ Level 5 အထက်ရရင် ကိုရီးယားမှာ Master တက်နိုင်တယ်လို့  ဆိုကြပါတယ်။

ဘယ်လိုဖြေဆိုဖို့ စာရင်းပေးရမှာလဲ
Online ( www.topik.go.kr) မှာလွယ်လွယ်နဲ့  စာရင်းပေးလို့ ရပြီ၊ ဖြေဆိုခ ကိုရီယားငွေ ၄၀၀၀၀၀မ် ဖြစ်ပါတယ်။ စာရင်းပေးနည်းကို အောက်ပါ ဗီဒီယိုမှာ ကြည့်ပါ၊